Tuesday, September 30, 2014

ဆီးရီးယားမြို့ သုံးမြို့အား အမေရိကန် တပ်ဖွဲ့များမှ လေကြောင်း တိုက်ခိုက်မှု ဗီဒီယိုကို လူမှုမီဒီယာ ဝက်ဆိုဒ်တွင် တင်ထားကြောင်း

ပြီးခဲ့သည့် (၂၇-၉-၁၄) ရက်နေ့နှင့် (၂၈-၉-၁၄) ရက်နေ့များက ဆီးရီးယားမြို့ သုံးမြို့အား အမေရိကန် ဦးဆောင်သည့် တပ်ဖွဲ့များက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရသည့် ဗီဒီယိုကို လူမှုမီဒီယာ ဝက်ဆိုဒ်မှာ တင်ထားကြောင်း သိရပါသည်။ ၄င်းဗီဒီယို ရုပ်ပုံများမှာ အလက်ပိုရှိ အိမ်နီးချင်း ဒေသတစ်ခုတွင် အဆောက်အဦးများ ပျက်ဆီးနေပုံနှင့် (ရတ်ကာ)ဒေသမှာ အပျက်အဆီးများအောက်မှ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ပြသထားပါသည်။ အခြားရုပ်ပုံတွင် (အက်ဒလစ်)ရှိ ကောင်းကင်တွင် အဝေးထိန်း ကင်းထောက် ယာဉ်ငယ်ပုံကို တွေ့မြင်ရပါသည်။ ၄င်းဗီဒီယို ရုပ်ပုံများသည် လူမှုမီဒီယာ ဝက်ဆိုဒ်မှ ဖြစ်သည့်အတွက် ရိုက်တာသတင်းဌာန အနေဖြင့် အတည်မပြုနိုင်ကြောင်း သိရပါသည်။ အိုင်အက်စ် လက်နက်ကိုင်များကို အင်အားလျော့နည်းစေရန် ဖြိုခွဲမှု တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့သည့် (၂၈-၉-၁၄) ရက်နေ့ အစောပိုင်းက (ရတ်ကာ)ပြည်နယ်ရှိ ရေနံချက်သည့် မြို့သုံးမြို့အား အမေရိကန် ဦးဆောင်သည့်အဖွဲ့က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ပါသည်။

No comments:

Post a Comment