Monday, September 29, 2014

မြန်မာနိုင်ငံတော် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီရေးဆိုင်ရာ မိတ်ဘက်အဖွဲ့ အစည်းအဝေးကျင်းပကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဆွေများအဖွဲ့မှ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံတော် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီရေးဆိုင်ရာ မိတ်ဘက်အဖွဲ့ အစည်းအဝေးကို နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ စက်တင်ဘာလ (၂၆)ရက် ညနေပိုင်းတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်၊ ပီအမ်ဂျီ အဖွဲ့ဝင် (၁၅)နိုင်ငံစလုံးမှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ကြပါသည်။


ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခါကိမ့်မြို့မှာ ယခင်ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဗလာဒီမီယာလီနင်၏ ရုပ်ထုအား ဖြုတ်ချမှုကို ကြည့်ရှုဖို့ စက်တင်ဘာလ(၂၈)ရက်နေ့ကလူအများ စုဝေးခဲ့ကြကြောင်း သိရပါသည်။ ယူကရိန်းနိုင်ငံမှာ အကြီးဆုံးရုပ်ထုကြီးတစ်ခုဖြစ်သည့် လီနင်၏ရုပ်ထုကို ယူကရိန်အလံလွှင့်ထူပြီး နိုင်ငံတော်သီချင်းကို သီဆိုကာ ကြိုးဖြင့်ဆွဲကာဖြုတ်ချခဲ့ကြပါသည်။ ခါကိဗ်မြို့ကို အခုနှစ်အစောပိုင်းက ယူကရိန်း ဆန့်ကျင်ရေးလှုပ်ရှားမှု အဖွဲ့ဝင်ဖြစ်စေရန် ရုရှားထောက်ခံရေး လှုပ်ရှားသူများက ကြိုးစားခဲ့ကြခြင်း ဖြစ်သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရပါသည်။ ခါကိဗ်ရှိ ရုရှားထောက်ခံရေး လှုပ်ရှာမှုများကို ဒေသခံများနှင့် တာဝန်ရှိသူများက ၄င်းတို့၏ ကြိုးပမ်းမှုကို မအောင်မမြင် ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။   

No comments:

Post a Comment