ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏
မြန်မာနိုင်ငံဆိုင်ရာ မိတ်ဆွေများအဖွဲ့မှ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံတော်
ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီရေးဆိုင်ရာ မိတ်ဘက်အဖွဲ့ အစည်းအဝေးကို
နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ စက်တင်ဘာလ (၂၆)ရက် ညနေပိုင်းတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ
အထူးအကြံပေးပုဂ္ဂိုလ်၊ ပီအမ်ဂျီ အဖွဲ့ဝင် (၁၅)နိုင်ငံစလုံးမှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်
ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ကြပါသည်။
No comments:
Post a Comment