ပြည်ထောင်စု
လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်
ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပမှုကို လာရောက် လေ့လာကြသည့်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့မှ အကြံပေးအရာရှိ ဦးချိန်ကောင်းရှင်း
ခေါင်းဆောင်သည့် ကိုးကန့်တိုင်းရင်းသားများအား စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်(၁၁)နာရီတွင်
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့
ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ၊ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးဟော်ရှောက်ချန်း၊
ဦးကျော်နီနိုင်၊ ဦးစိုင်းမြင့်အေးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
တွေ့ဆုံပွဲအပြီးတွင် အမှတ်တရ လက်ဆောင်များ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပါသည်။
No comments:
Post a Comment