Tuesday, September 30, 2014

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီး များအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် (၁၂)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက် အဝန်းကောင်စီဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက် လာကြသည့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးများနှင့် အာဆီယံ ဒုတိယအတွင်းရေးမှူး ချုပ်တို့အား စက်တင်ဘာလ(၃)ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ပုဂံမြို့ရှိ ပုဂံဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။

No comments:

Post a Comment