Tuesday, September 30, 2014

မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အမေရိကန် သံအမတ်နှင့် တောင်ကိုရီးယား သံအမတ်တို့ ဆိုးလ်တွင် တွေ့ဆုံ

မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အမေရိကန် သံအမတ် (ဂလင်းဒေးဗီးစ်)သည် တောင်ကိုရီးယား သံအမတ် (ဟွမ်ဂျွန်ကွတ်)နှင့် ဆိုးလ်တွင် (၃၀-၉-၁၄) ရက်နေ့ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယား အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။ (ဒေးဗီးစ်)ဟာ (ဟွမ်)နှင့် ပြုလုပ်သည့် အစည်းအဝေးများတွင် မြောက်ကိုရီးယား၏ နျူကလီးယား ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး  (၆)နိုင်ငံ ဆွေးနွေးပွဲကို ဘယ်လို ပြန်လည်စတင်ပြီး ဆွေးနွေးမလဲ ဆိုတာကို အဓိကထား ဆွေးနွေးခဲ့ပါသည်။ ဒေးဗီးစ်ဟာ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး(ယွန်ဗြွန်ဆဲ) နှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ၄င်းက မြောက်ကိုရီးယား အနေနှင့် နျူကလီးယား အရေးဆွေးနွေး ညှိနှိုင်းရန် အစည်းအဝေးကို တက်ရောက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ (၆)နိုင်ငံ ဆွေးနွေးပွဲမှာ အမေရိကန် ၊တရုတ်၊ ဂျပန် ၊ ရုရှားနှင့် ကိုရီးယား (၂)နိုင်ငံတို့ ပါဝင်ပြီး ဆွေးနွေးပွဲ မပြုလုပ်တာ (၅)နှစ်ရှိပြီ ဖြစ်ပါသည်။ မြောက်ကိုရီးယား (၂၀ဝ၅)ခုနှစ်က ၄င်း၏ နျူကလီးယား အစီအစဉ်သည် စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍ အတွက်သာဖြစ်ကြောင်း လက်မှတ်ရေးထိုး ခဲ့ပေမယ့် (၂၀ဝ၆) ခုနှစ်ကစပြီး နျူကလီးယား စမ်းသပ်မှု(၃)ကြိမ် ပြုလုပ်ခဲ့ပါသည်။ မြောက်ကိုရီးယားသည် ၄င်တို့ ထိန်းသိမ်းထားသည့် အမေရိကန် နိုင်ငံသား (၃)ဦးနှင့် ပက်သက်ပြီး ဆွေးနွေးရန် အမေရိကန်၏ ကြိုးပမ်းမှုများကို ငြင်းဆိုခဲ့ကြောင်း ဒေးဗီးစ်က ပြောကြားခဲ့ပါသည်။ ဒေးဗီးစ်ဟာ ဘေဂျင်းသို့ သွားရောက်ခဲ့ပြီး  ဆိုးလ်သို့ ပြီးခဲ့သည့် (၂၄-၉-၁၄) ရက်နေ့က ရောက်ရှိကာ အမေရိကန်သို့ မပြန်ခင် ဂျပန်သို့ သွားရောက်ကာ သံအမတ်များနှင့် တွေ့ဆုံအုံးမည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment