Tuesday, September 30, 2014

ဆီးရီးယားမှ ရွေ့ပြောင်းလုပ်သား (၅၀ဝ)ကို အီတလီ ကမ်းရိုးတန်းတွင် ကယ်ဆယ်နိုင်ခဲ့

ဆီးရီးယားမှ ရွေ့ပြောင်းလုပ်သား (၅၀ဝ)ကို ပြီးခဲ့သည့် (၂၈-၉-၁၄) ရက်နေ့က အီတလီ ကမ်းရိုးတန်းမှာ ကယ်ဆယ်နိုင်ခဲ့ပြီး ၄င်းတို့လိုက်ပါလာသည့် သင်္ဘောသည် အီတလီကမ်းခြေ စောင့်တပ်ဖွဲ့က သတိပြုစစ်ဆေး ခဲ့သည့်အတွက် ယခုလို ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်သည့် စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ကလေးငယ်များ အပါအဝင် ရွေ့ပြောင်းလုပ်သား အချို့ကို ကမ်းခြေစောင့် ရေယာဉ်ပေါ်သို့ ရွေ့ပြောင်းခဲ့ကြ ပါသည်။ အီတလီကျွန်း လမ်ပါဒူဆာနှင့် တစ်မိုင်လောက် အကွာမှာ သင်္ဘောတစ်စီး တိမ်းမှောက်မှုကြောင့် လူ(၃၆၆)ဦး နစ်မြုပ်သေဆုံးခဲ့သည့် (၂၀၁၃)ခုနှစ် အောက်တိုဘာလ ကတည်းက အီတလီရေတပ်ဟာ အာဖရိကနှင့် စစ်စလီကြား ဧရိယာများမှာ ကင်းလှည့်စောင့်ကြည့် နေခဲ့တာ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment