ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်ရှိ (ဟန်ဂူ)မြို့မှာ စစ်ဘေးစစ်ဒဏ်မှ ထွက်ပြေးလာသည့် ဒုက္ခသည်မိသားစုပေါင်း တစ်ထောင်ကျော်နေထိုင်ရာ ဒုက္ခသည်စခန်းမှာ ပေါက်ကွဲမှုတစ်ခု စက်တင်ဘာလ(၂၈)ရက်နေ့က ဖြစ်ပွါးခဲ့ရာ လူပေါင်း(၇)ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ်လူအချို့ဒဏ်ရာရှိခဲ့ကြောင်း သိရပါသည်။ ဒေသ၏ ရဲအရာရှိကတော့ အဝေးထိန်းချုပ်နိုင်သည့် ပေါက်ကွဲစေတတ်သည့် ပစ္စည်း(အိုင်အီဒီ)အား မော်တော်ဆိုင်ကယ် အတွင်းမှာထားပြီး ဖောက်ခွဲခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သေဆုံးသူများထဲတွင် ကလေးငယ်(၂)ဦးလဲ ပါဝင်ကြောင်း သိရပါသည်။ (ဟန်ဂူ)မြို့ဟာ ပါကစ္စတန်၏ ဥပဒေမည့်ဒေသ(၇)ခုထဲက တစ်ခုဖြစ်ပြီး တာလီဘန်နှင့် အယ်လ်ကေဒါဆက်နွယ် လက်နက်ကိုင်များ၏ အဓိကနေရာဖြစ်ကာ တာလီဘန်လက်နက်ကိုင်များ၏ (၇)နှစ်ကြာ ရှေ့တန်းစစ်မျက်နှာပြင်လဲ ဖြစ်ခဲ့ပါသည်။ ထို့အပြင် မကြာသေးမှီနှစ်များကလဲ ၄င်းနေရာမှာ ဂိုဏ်ဂဏစွဲ ပဋိပက္ခများ ဖြစ်ပွါးခဲ့ကြောင်း သိရှိရပါသည်။
Monday, September 29, 2014
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်ရှိ ဒုက္ခသည်စခန်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွား
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်ရှိ (ဟန်ဂူ)မြို့မှာ စစ်ဘေးစစ်ဒဏ်မှ ထွက်ပြေးလာသည့် ဒုက္ခသည်မိသားစုပေါင်း တစ်ထောင်ကျော်နေထိုင်ရာ ဒုက္ခသည်စခန်းမှာ ပေါက်ကွဲမှုတစ်ခု စက်တင်ဘာလ(၂၈)ရက်နေ့က ဖြစ်ပွါးခဲ့ရာ လူပေါင်း(၇)ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ်လူအချို့ဒဏ်ရာရှိခဲ့ကြောင်း သိရပါသည်။ ဒေသ၏ ရဲအရာရှိကတော့ အဝေးထိန်းချုပ်နိုင်သည့် ပေါက်ကွဲစေတတ်သည့် ပစ္စည်း(အိုင်အီဒီ)အား မော်တော်ဆိုင်ကယ် အတွင်းမှာထားပြီး ဖောက်ခွဲခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သေဆုံးသူများထဲတွင် ကလေးငယ်(၂)ဦးလဲ ပါဝင်ကြောင်း သိရပါသည်။ (ဟန်ဂူ)မြို့ဟာ ပါကစ္စတန်၏ ဥပဒေမည့်ဒေသ(၇)ခုထဲက တစ်ခုဖြစ်ပြီး တာလီဘန်နှင့် အယ်လ်ကေဒါဆက်နွယ် လက်နက်ကိုင်များ၏ အဓိကနေရာဖြစ်ကာ တာလီဘန်လက်နက်ကိုင်များ၏ (၇)နှစ်ကြာ ရှေ့တန်းစစ်မျက်နှာပြင်လဲ ဖြစ်ခဲ့ပါသည်။ ထို့အပြင် မကြာသေးမှီနှစ်များကလဲ ၄င်းနေရာမှာ ဂိုဏ်ဂဏစွဲ ပဋိပက္ခများ ဖြစ်ပွါးခဲ့ကြောင်း သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment