Monday, September 29, 2014

ရဲများနှင့်ပတ်သက်ပြီး ထွက်ပေါ်လာသည့် ကောလဟာလများကို မယုံကြည်ကြရန် ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူး တောင်းဆို



ဟောင်ကောင် သတင်းအချက်အလက် ထုပ်ပြန်ရေးဌာနမှ ဒီကနေ့မနက် အစောပိုင်းက ထုတ်လွှင့်သည့် ဗီဒီယိုမိန့်ခွန်းတစ်ခုမှာ ဟောင်ကောင်မြို့သူမြို့သားများအနေနှင့် ရဲများနှင့်ပတ်သက်ပြီး ထွက်ပေါ်လာသည့် ကောလဟာလများကို မယုံကြည်ကြရန်နှင့် ဒီမိုကရေစီအရေး ဆန္ဒပြသူများအနေနှင့်လည်း ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူး လျောင်ချွန်ယင်းက တောင်းဆိုခဲ့ပါသည်။ ဟောင်ကောင်လမ်းမများပေါ်မှာ စက်တင်ဘာလ(၂၈)ရက်နေ့က ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ကြား ပဋိပက္ခဖြစ်ပွါးခဲ့ပြီး ရဲတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ အသုံးပြုပြီး ဖြေရှင်းခဲ့ပါသည်။ (၁၉၉၇)ခုနှစ်ကစပြီး ဟောင်ကောင်ဟာ တရုတ်နိုင်ငံ၏ ‘ဝမ်း-ကောင်ထရီ၊ တူး-စစ်စတမ်စ်’ အုပ်ချုပ်မှုအောက်မှာ ပြန်လည်ရောက်ရှိလာခဲ့ပြီး အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်မှုကို ပြည်မကြီးနှင့် သီးခြားရရှိခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ပြီးခဲ့သည့်လကတော့ တရုတ်နိုင်ငံဟာ ဟောင်ကောင်၏ ခေါင်ဆောင်သစ်အတွက် လွတ်လပ်စွာရွေးချယ်ခွင့်ပြုရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့တာကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။  

No comments:

Post a Comment