Tuesday, September 30, 2014

ဩစေၾတးလ် စွန့်စားသူ အိုင်ဗန် ထရီဖို့နော့ဗ်သည် အနက်မီတာ (၂၀ဝ)ရှိသော ဥမင်ထဲသို့ မိုးပျံပူဖောင်းနှင့် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့

အသက်(၇၀)အရွယ် ဩစတြေးလျ စွန့်စားသူ အိုင်ဗန် ထရီဖို့နော့ဗ်သည် ခရိုအေးရှားနိုင်ငံ တောင်ပိုင်း ဗယ်လယ်ဗစ် တောင်တန်းများကြားရှိ အနက်မီတာ (၂၀ဝ)ရှိသော ဥမင်ထဲသို့ မိုးပျံပူဖောင်းနှင့် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရပါသည်။ အိုင်ဗန် ထရီဖို့နော့ဗ်သည် မိုးပျံပူဖောင်းမောင်းသည့် အတွေ့အကြုံရှိပြီး ဂင်းနစ်မှတ်တမ်း (၄)ကြိမ် ဝင်ဖူးသူ ဖြစ်ကာ ဒီတစ်ကြိမ်မှာတော့ မိုးပျံပူဖောင်းကို အပေါ်သို့ ပျံမတက်ဘဲ လှိုဏ်ဂူအောက်သို့ ဆင်ပြီးအပေါ်သို့ ပျံတက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ၄င်းနေရာမှာပဲ ဩစတြေးလျ စွန့်စားသူ ဖဲလစ်ဆိုသူသည်လည်း လေထီးခုန်ချ ခဲ့ပြီးနောက် (၁၀)နှစ်တိတိ အကြာ စက်တင်ဘာလ (၁၈)ရက်နေ့မှာ ထရီဖို့နော့ဗ်ကလည်း မိုးပျံပူဖောင်းနှင့် ပျံသန်းခဲ့ခြင်း ဖြစ်ပါသည်။ ထရီဖို့နောဗ့်သည် ၄င်း၏ပျံသန်းရန်အတွက် မာမက်ဂူကို ရွေးချယ်ခဲ့ပြီး ၄င်း၏ မိုးပျံပူဖောင်း ဒီဇိုင်းဟာ ထူးခြားပြီး ပုံမှန်ထက် သေးငယ်ကာ မောင်းသူဟာ ဓါတ်ငွေ့တိုင်ကီ (၂)ခုကို ဆက်သွယ်ထားသည့် စတီးပိုက်ခ်မှာ ထိုင်ပြီး စီးနင်းရပါသည်။ မာမက်ဂူဟာ (၂၀၆)မီတာ အနက်ရှိပြီး ဗယ်လယ်ဘစ် တောင်တန်းများ၏ တောင်ပိုင်းမှာ ရှိပါသည်။ ၄င်းလှိုဏ်ဂူဟာ မီးခိုးခေါင်းတိုင် ဇောက်ထိုးပုံစံရှိကာ တွင်းဝင်ပေါက်ဟာ မီတာ(၆၀)အကျယ် ရှိပါသည်။ ခရီးစဉ် အစအဆုံး အဆင်းအတက် (၂၅)မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment