Tuesday, September 30, 2014

မစ်အမေရိကား အလှမယ် ပြိုင်ပွဲကို ခရိုင်းမီးယား ကျွန်းဆွယ်ရှိ ဆီဗက်စတိုပိုးလ်တွင် ကျင်းပမည်

မစ်အမေရိကား အလှမယ် ရွေးချယ်ရေး ပွဲကျင်းပသူများက လာမည့်နှစ်ပြိုင်ပွဲကို ရုရှားတို့ သိမ်းပိုက်ထားသော ခရိုင်းမီးယား ကျွန်းဆွယ်ရှိ ဆီဗက်စတိုပိုးလ်တွင် ကျင်းပသွားမှာ ဖြစ်ကြောင်း ၃၀-၉-၁၄) ရက်နေ့က မော်စကိုမြို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါသည်။ အလှမယ်ရွေးပွဲနှင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေတွေကို ရောထွေးခြင်း မရှိပါကြောင်း ဘယ်လို အကျိုးဆက်မှ သက်ရောက်စေမှာ မဟုတ်ကြောင်းဖြင့် ပွဲကျင်းပရေး အမှုဆောင်ချုပ်ဖြစ်သူ မာမယ်က ပြောကြားခဲ့ပါသည်။ (၂၀၁၄) မစ် အမေရိကန်ဆုရ မစ်ချယ်အီဗန်က ယခုလို ကျင်းပခြင်းဖြင့် အမေရိကန်နှင့် ရုရှားအမျိုးသမီး များအကြား ပိုမိုနားလည်မှု ဖြစ်စေကြောင်း ပြောကြားခဲ့ပါသည်။ လွန်ခဲ့သည့် (၂၅)နှစ်ကြာ ကာလတုန်းကလည်း မစ်အမေရိက ပြိုင်ပွဲကို ရုရှားမှာ ကျင်းပခဲ့ဖူးကြောင်း သိရှိရပါသည်။

No comments:

Post a Comment