Tuesday, September 30, 2014

ဘာစီလိုနာ ကစားသမား လီယွန်နယ်မက်ဆီ၏ အကြောင်း

ဘာစီလိုနာ ကစားသမား လီယွန်နယ်မက်ဆီသည် လျင်မြန်မှုနှင့် ဂိုးသွင်းစွမ်းရည်များကြောင့် ကလပ်နှင့် နိုင်ငံတကာ ပွဲများမှာ ဂိုးများစွာ သွင်းပြီးနောက် နာမည်ကျော် လျှက်ရှိပါသည့် ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါသည်။ ဘာစီလိုနာ အရှေ့တန်း တိုက်စစ်မှူးနှင့် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကို ဇွန်လ (၂၄) ရက်နေ့က (၁၉၈၇) ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံတွင် မွေးဖွားခဲ့ပါသည်။ မက်ဆီသည် အသက် (၂၁) နှစ် အရွယ်တွင် (၂၀၀၉) ခုနှစ်၊ ဖီဖာ၏ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြင့် Ballon d’Or ဆုကို ပထမဆုံး အကြိမ်အဖြစ် ရရှိခဲ့ပြီး (၂၀၁၀)၊ (၂၀၁၁)၊ (၂၀၁၂) တို့မှာ ဆက်တိုက်ဆိုသလို ဖီဖာ၏ Ballon d’Or ဆုများအပြင် (၂၀၁၀-၂၀၁၁) ဥရောပ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါသည်။ အသက် (၂၄) နှစ်မှာ မက်ဆီသည် ဘာစီလိုနာ၏ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ပြီး (၂၅) နှစ်အရွယ်တွင် စပိန်လာလီဂါတွင် ဂိုး (၂၀၀) သွင်းယူနိုင်ခဲ့သည့် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့သလို ယခုနှစ် (၂၀၁၄) အသက် (၂၇) နှစ်ရောက်ရှိသည့် အချိန်မှာတော့ ကလပ်အသင်းနှင့် နိုင်ငံအသင်းအတွက် ဂိုးပေါင်း (၄၀၀) ကျော် သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါသည်။ ဒါ့အပြင် မက်ဆီသည် ဘောလုံးသမိုင်းတွင် ဖီဖာ၏ Ballon d’Or (၄) ကြိမ် ရရှိထားသည့် ပထမဆုံး ကစားသမားဖြစ်ပြီး ဥရောပ ရွှေဖိနပ်ဆု (၃) ကြိမ် ရရှိထားသည့် ဘာစီလိုနာ အသင်းနှင့် အတူ ဆုဖလားပေါင်း များစွာ ရယူထားသူလည်း ဖြစ်ပါသည်။

No comments:

Post a Comment