Monday, September 29, 2014

ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်

ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသန့်ရှင်းသောအစားအစာနှင့် သောက်သုံးရေတို့မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရာသီမရွေး ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မိုးဦးကျကာလနှင့် ရာသီဥတုပြောင်းလဲသော ကာလများဖြစ်သည့် မိုးအကုန် ဆောင်းအကူးတွင် ဖြစ်ပွားလေ့ရှိကြောင်း တွေ့ရှိရပါသည်။ ပြင်းထန်ဝမ်းပျက်/၀မ်းလျှောရောဂါဖြစ်စေသည့် ကာလ၀မ်းရောဂါသည် Vibrio Cholerae ဟုခေါ်ဆိုသော ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ရောဂါပြင်းထန်ကာ အချိန်မီကုသမှုမရှိပါက အသက်ဆုံးရှုံးနိုင်ပါသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပြီဆိုပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အချိန်မီကုသမှုခံယူရန် အဆင့်ဆင့် အချိန်မီအမြန်ဆုံးသတင်းပေးပို့ရန် လိုအပ်ပါသည်။ ကလေးလူငယ်များတွင်ဖြစ်ပွားသော ၀မ်းပျက်ဝမ်းလျှောရောဂါတွင် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားလေ့ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ထိရောက်ပြည့်စုံသော ကုသမှုခံယူရန် လိုအပ်ပါသည်။


No comments:

Post a Comment