ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့်
မန္တလေးအဝေးသင်တက္ကသိုလ်တို့၏ ၂၀၁၄ပညာသင်နှစ် ပထမအသုတ် (သိပ္ပံဘာသာရပ်များ) သင်တန်းနှစ်အားလုံး၏
စာမေးပွဲဖြေဆိုရမည့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၆)ရက် တနင်္လာနေ့သည် အများပြည်သူတို့၏
အလုပ်ပိတ်ရက် (ဘက္ကရီးအီးဒ်နေ့)ဖြစ်ပါသဖြင့် သင်တန်းနှစ်အားလုံး၏ အဆိုပါနေ့ရက်တွင် ဖြေဆိုရမည့်ဘာသာရပ်ကို
၂၀၁၄ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက် အင်္ဂါနေ့သို့ ပြောင်းရွှေ့ဖြေဆိုကြရမည်ဖြစ်ကြောင်းနှင့်
စာမေးပွဲပြောင်းရွှေ့ဖြေဆိုရမည့်ရက်မှာ ၂၀၁၄ခုနှစ် အောက်တိုဘာလ (၆)ရက် တနင်္လာနေ့ တစ်ရက်တည်းသာဖြစ်ပြီး
ကျန်ရက်များတွင် ဖြေဆိုရမည့်ဘာသာရပ် များကို မူလကြေညာထားသည့် အစီအစဉ်ရက်များအတိုင်း
ဖြေဆိုရမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့က အသိပေးကြေညာထားသည်။
No comments:
Post a Comment