Tuesday, September 30, 2014

ကဘူးလ်ရှိ လေဆိပ်အနီး လုံခြုံရေး စစ်ဆေးရေးဂိတ်တွင် အသေခံ ဗုံးခွဲတိုက်မှုဖြစ်ပွား

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ လေဆိပ်အနီး လုံခြုံရေး စစ်ဆေးရေးဂိတ် တစ်ခုမှာ (၂၉-၉-၁၄) ရက်နေ့က အသေခံ ဗုံးခွဲတိုက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ပါသည်။ ၄င်းပေါက်ကွဲမှုဟာ သမ္မတသစ် အက်ရှရက်ဖ်ဂါနီ၏ ကျမ်းသစ္စာ ကျိန်ဆိုမှုမတိုင်ခင် မိနစ်အနည်းငယ်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပါသည်။ သေဆုံးဒဏ်ရာ ရရှိသူများ ရှိသော်လည်း အရေအတွက်ကို သေချာ မပြောကြားကြောင်း သိရပါသည်။ ၄င်းတိုက်ခိုက်မှုသည် ဂါနီ၏ ရာထူးအပ်နှင်းပွဲ အခမ်းအနားအတွက် အရာရှိကြီးများ စုဝေးနေချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါသည်။ ဂါနီဟာ နိုင်ငံခြားတပ်ဖွဲ့များ နိုင်ငံတွင်းမှ ထွက်ခွာရန် ပြင်ဆင်နေချိန်နှင့် တာလီဘန် လက်နက်ကိုင်များအား ဆန့်ကျင်တိုက်ခိုက်မှု ပိုမိုပြင်းထန်နေချိန်ဖြစ်သည့် အလွန်အရေးကြီးသည့် အချိန်မှာ ကာလကြာရှည်စွာ ခေါင်းဆောင်ခဲ့သည့် ဟာမစ်ကာဇိုင်းထံမှ နိုင်ငံ့တာဝန်များ လွှဲပြောင်းယူခဲ့ရကြောင်း သိရှိရပါသည်။

No comments:

Post a Comment