Tuesday, September 30, 2014

အာဖဂန်သမ္မတကျမ်းသစ္စာ ကျိန်ဆို၊ ရာထူးအပ်နှင်းပွဲ အခမ်းအနား ကျင်းပ

ယခုလ(၂၉)ရက်နေ့က အရှရက်ဖ်ဂါနီဟာ (၁၃)ယောက်မြောက် အာဖဂန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ရာထူးအပ်နှင်းပွဲ အခမ်းအနားကို (၂၉-၉-၁၄) ရက်နေ့က ကဘူးလ်မှာ ကျင်းပခဲ့ပါသည်။ ဂါနီဟာ ယခင်က ဘဏ္ဍာရေးဝန်ကြီးဖြစ်ပြီး သမ္မတဖြစ်လာချိန်မှာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရပါသည်။ သမ္မတ ရွေးကောက်ပွဲကြောင့် (ပါရှ်တွန်)နှင့် (တာဂျစ်) တို့အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပေမယ့် အစိုးရအဖွဲ့အစည်းသစ် ထူထောင် လိုက်ခြင်းဖြင့် နိုင်ငံတွင်းရှိ မတူ ကွဲပြားမှုများကို အဖြေညှိ ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။ အာဖဂန်နှင့် အမေရိကန်တို့အကြား လုံခြုံရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးမည် ဆိုပါက (၂၀၁၄) ခုနှစ် အကုန်တွင် အာဖဂန် နယ်မြေအတွင်းမှ နေတိုးဦးဆောင်သည့် တပ်ဖွဲ့ဝင်များ ထွက်ခွာ သွားပြီးနောက် အာဖဂန်လုံခြုံရေး တပ်ဖွဲ့များကို လေ့ကျင့် သင်ကြားပေးရန် လုံလောက်သည့် တပ်ဖွဲ့ဝင်များ ထားရှိပေးရန် အမေရိကန်မှ ခွင့်ပြုရမှာ ဖြစ်ပါသည်။ သမ္မတကာဇိုင်းသည် ၄င်းသဘောတူညီမှုကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့ပြီး ဂါနီကတော့ ယခုလကုန်မှာ လက်မှတ် ရေးထိုးဖွယ်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment