Monday, September 29, 2014

ထိုင်းနိုင်ငံရှိ နတ်ကိုးကွယ်သူ တရုတ်လူမျိုးများ၏ သတ်သတ်လွတ်စား ပွဲတော်

ထိုင်းနိုင်ငံရှိ နတ်ကိုးကွယ်သူ တရုတ်လူမျိုး ရာပေါင်းများစွာဟာ ၄င်းတို့၏ ခန္ဓာကိုယ်နှင့် စိတ်ကို စင်ကြယ်စေသည့် အနေနှင့် နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် သတ်သတ်လွတ်စား ပွဲတော်ကို ဆင်နွှဲခဲ့ကြကြောင်း သိရပါသည်။ ၄င်းပွဲတော်ကို (၁၈၂၅)ခုနှစ် ကတည်းက စတင်ဆင်နွှဲခဲ့ခြင်း ဖြစ်ပါသည်။ တရုတ်အော်ပရာ အဖွဲ့တစ်ဖွဲ့ဟာ ငှက်ဖျားရောဂါကြောင့် ဖျားနာနေစဉ် ၄င်းတို့ယုံကြည်သည့် နတ်များကို ပူဇော်သည့်အနေဖြင့် သတ်သတ်လွတ် အစားအစာကို စားပြီး ကုသခဲ့ရာမှ ယခုပွဲတော် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ပွဲတော်မှာ ပါဝင်ဆင်နွှဲသူများဟာ အဖြူရောင်ကို ဝတ်ဆင်ရမှာဖြစ်ပြီး အသားစားခြင်း အရက်သောက်ခြင်းမှလဲ ရှောင်ကျဉ်ရမှာ ဖြစ်ပါသည်။ ၄င်းပွဲတော်ကိုတော့ လာမည့်အောက်တိုဘာလ (၂)ရက်နေ့ထိ ကျင်းပမှာ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment