Monday, September 29, 2014

ဘာသာရေး ခေါင်းဆောင်အား သတ်ဖြတ်ခဲ့သူ နှစ်ဦးအား သေဒဏ်ပေးခဲ့ပြီး ကျန်တစ်ဦးကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်

တရုတ်နိုင်ငံ ရှင်ဂျန်ဝေဂေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ အနောက်မြောက်ဘက်ရှိ ကက်ရှ်ဂါမြို့တွင် တရုတ်နိုင်ငံ၏ အကြီးဆုံး ဘာသာရေး အဆောက်အဦးမှ ဘာသာရေး ခေါင်းဆောင်အား ဇူလိုင်လ(၃၀)ရက်နေ့က သတ်ဖြတ်ခဲ့သူ နှစ်ဦးအား ဒေသတွင်း တရားရုံးမှ သေဒဏ်ပေးခဲ့ပြီး ကျန်တစ်ဦးကိုတော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သိရပါသည်။ တရားရုံးဟာ ပြီးခဲ့သည့် (၂၈-၉-၁၄) ရက်နေ့က စတင်ကာ ၄င်းအမှုကို တရားစီရင်ခြင်း ပြုလုပ်ခဲ့ပြီး ၄င်းတို့သုံးဦးစလုံးအား နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေကို ပိတ်ပင်ခဲ့ပါသည်။ အဲ့ဒီ ဇူလိုင်လ(၃၀)ရက်နေ့က သတ်ဖြတ်မှုအတွင်း ဘာသာရေး ခေါင်းဆောင်နှင့် အခြားအဖွဲ့ဝင် နှစ်ဦးလဲ သေဆုံးခဲ့ကာ ယာဉ်မောင်းကတော့ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment