Monday, September 29, 2014

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒုံးပြည်နယ်တွင် ဖြစ်ပွားနေသော သွေးလွန်တုပ်ကွေးရောဂါ



တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒုံးပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါးသူ (၁၀၇၄၃)ဦးထိ ရှိနေပြီး ပြီးခဲ့သည့်နှစ်နှင့် နှိုင်ယှဉ်ကြည့်ပါက (၁၅၅၅.၃၂%) တိုးမြင့်လာကြောင်း သိရပါသည်။ သွေးလွန်တုပ်ကွေးရောဂါကြောင့် ဂွမ်းကျိုးပြည်နယ်မှ လူနှစ်ဦးနှင့် ဖိုးရှန်းမြို့မှ လူတစ်ဦး သေဆုံးခဲ့ပါသည်။ ယခုနှစ်တွင် ၄င်းရောဂါဖြစ်ပွါးမှု မြင့်တက်ရခြင်းဟာ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ပြောင်လဲမှုများကြောင့်ဖြစ်ပြီး မိုးများမကြာခဏ ရွာသွန်းမှုကြောင့် ရေတွင်းရေကန်များမှ ခြင်များ ပေါက်ဖွားလာတာဖြစ်ကြောင်း ဂွမ်ဇူးဆေးရုံဥက္ကဌက ပြောကြားခဲ့ပါသည်။ ဒေသခံတာဝန်ရှိသူများက ခြင်များကို နှိမ်နှင်းဖို့ ကြိုးစားနေကြပြီး ဂွမ်ဒုံးဒေသခံများကိုလည်း ခြင်ကိုက်မခံရအောင် နေထိုင်ဖို့ သတိပေးထားကာ အိမ်နှင့်ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းအောင် ပြုလုပ်နေထိုင်ဖို့ တောင်ဆိုထားကြောင်း သိရှိရပါသည်။  

No comments:

Post a Comment