ပါကစ္စတန်နိုင်ငံရှိ
ကျွဲ၊နွား တိရစ္ဆာန်များ အဓိကမွေးမြူရာ ပန်ဂျက်နှင့် ဆင်းပြည်နယ်တို့မှာ ဘာသာရေးပွဲတော်ကျင်းပရန်
စီစဉ်နေစဉ်အတွင်းမှာ ရေလွှမ်းမိုမှု ဖြစ်ပွါးခဲ့ခြင်းကြောင့် တိရစ္ဆာန်များစွာ ဆုံးရှုံးခဲ့ရကြောင်း
သိရပါသည်။ ၄င်းဒေသအတွင်းမှာ အခြေခံ အဆောက်အအုံများ ပျက်စီးသွားခဲ့ခြင်းကြောင့် တိရစ္ဆာန်များဆက်လက်
အသက်မရှင်နိုင်ဘဲ တိရစ္ဆာန်များဈေးနှုန်းဟာ လွန်ခဲ့သည့် (၂)နှစ်ကထက် (၃၀%)မှ(၅၀%)ထိ မြင့်တက်သွားခဲ့ပါသည်။
ပူပြင်းသည့် အပူချိန်ကြောင့်လည်း သောက်သုံးရေများ လုံလောက်စွာ မရရှိခြင်းကြောင့် တိရစ္ဆာန်များ
သေဆုံးနေကြရပါသည်။ ပါကစ္စတန်နိုင်ငံတွင် ၄င်းဘာသာရေးပွဲတော် အခမ်းအနားကို အောက်တိုဘာလ
(၆)ရက်နေ့မှာ ကျင်းပမှာဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment