Monday, September 29, 2014

အာဖဂန်နစ္စတန်သမ္မတသစ်၏ ရာထူးအပ်နှင်းပွဲ အခမ်းအနား



အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ သမ္မတသစ် အရှရက်ဖ်ဂန်နီ၏ ရာထူးအပ်နှင်းပွဲ အခမ်းအနားကို စက်တင်ဘာလ(၂၉)ရက်နေ့မှာ ကျင်းပမှာဖြစ်၍ လုံခြုံရေးများ တိုးမြှင့်ထားကြောင်း သိရပါသည်။ အခမ်းအနားကို သမ္မတနန်းတော် အဆောက်အဦးအတွင်းမှာ ကျင်းပမှာဖြစ်ပြီး ပါကစ္စတန်သမ္မတနှင့် အိမ်ဖြူတော်အကြံပေး ဂျွန်ပိုဒက်စတာတို့ တက်ရောက်မှာ ဖြစ်ပါသည်။ သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မှီ ကဘူးလ်လေဆိပ်အနီးရှိ စစ်ဆေးရေးဂိတ်မှာ အသခံဗုံခွဲတိုက်ခိုက်မှု တစ်ခုဖြစ်ပွါးခဲ့ပေမည့် အာဖဂန်အစိုးရသစ်ဟာ နိုင်ငံ၏ ငြိမ်းချမ်ရေးနှင့် လုံခြုံရေးကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါသည်။ နိုင်ငံခြားတပ်ဖွဲ့များ ဆုပ်ခွါးသွားပြီးနောက် တာလီဘန်တို့၏ ကျူးကျော်တိုက်ခိုက်မှုများကိုလည်း အစိုးရသစ်က တာဝန်ယူဖြေရှင်းရမှာဖြစ်ပြီး သမ္မတကာဇိုင်လက်ထက်က ပျက်စီးသွားခဲ့သည့် အမေရိကန်နှင့် ဆက်ဆံရေးကိုလဲ ပြန်လည်ပြောင်းလည်းရမှာ ဖြစ်ပါသည်။ ပထမဆုံးအနေနှင့် ဂန်နီဟာ အာဖဂန်တပ်ဖွဲ့သစ်နှင့် ရဲတပ်ဖွဲ့သစ်ကို အမေရိကန်တပ်ဖွဲ့ဝင်များမှ လေ့ကျင့်ကူညီပေးနိုင်ဖို့ အမေရိကန်နှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ မျှော်လင့်လျှက်ရှိကြောင်း သိရှိရပါသည်။  

No comments:

Post a Comment