Tuesday, September 30, 2014

ကိုဘာနီမြို့အနီးတွင် တူရကီတင့်ကားနှင့် အမြောက်ပစ် ယာဉ်များ နယ်စပ်တစ်လျှောက်ရှိ တောင်ကုန်းတွင် နေရာယူ

အိုင်အက်စ် လက်နက်ကိုင်များမှ ပြီးခဲ့သည့် (၂၉-၉-၁၄) ရက်နေ့က တူရကီ ဘက်ခြမ်းကို ပစ်ခတ်တိုက်ခိုက် မှုများပြုလုပ် ခဲ့ပြီးနောက် (၃၀-၉-၁၄) ရက်နေ့ မနက်ပိုင်း ကစတင်ပြီး၊ အိုင်အက်စ် လက်နက်ကိုင်များ ကြီးစိုးရာ ဆီးရီးယား နယ်စပ်မြို့ဖြစ်သည့် ကိုဘာနီမြို့ အနီးတို့တွင် တူရကီတင့်ကားနှင့် အမြောက်ပစ် ယာဉ်များသည် နယ်စပ်တစ်လျှောက်ရှိ တောင်ကုန်းတွင် နေရာယူထား ပါသည်။ အိုင်အက်စ်များသည် တူရကီဘက်ခြမ်းကို ပြီးခဲ့သည့် (၂၈-၉-၁၄) ရက်နေ့ ကစပြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကာ၊ (၂၉-၉-၁၄) ရက်နေ့က ပစ်ခတ်မှုကြောင့် တူရကီဘက်မှ လူ(၂)ဦးထက် မနည်း သေဆုံးခဲ့ရသည်ဟု တူရကီတပ်ဖွဲ့ဝင်က ပြောကြားခဲ့ပါသည်။ အိုင်အက်စ် လက်နက်ကိုင်များဟာ ကိုဘာနီနှင့် အခြားမြို့များတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကာ့ဒ်ပြည်သူ ၁သိန်းခွဲခန့်သည် တူရကီဘက်သို့ ထွက်ပြေးလာကြ ရပါသည်။ အမေရိကန်နှင့် အာရပ်တပ်ဖွဲ့ဝင် နိုင်ငံများက အိုင်အက်စ်တို့အား လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေပြီး တူရကီ သမ္မတကလည်း တူရကီ တပ်ဖွဲ့ဝင်များကို အသုံးပြုပြီး ကူညီမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment