Tuesday, September 30, 2014

အာဖဂန် သမ္မတသစ်သည် အမေရိကန် တပ်ဖွဲ့ဝင်များ ဆက်လက် ထားရှိရေးကို သဘောတူ

အာဖဂန် သမ္မတသစ် အက်ရှ်ရာ့ဖ်ဂါနီသည် အာဖဂန် နစ္စတန်အတွင်းတွင် အမေရိကန် တပ်ဖွဲ့ဝင်များအား ယခုနှစ်ကုန်မှာ ဆက်လက် ထားရှိရေးကို သဘောတူလိုက်ပြီ ဖြစ်ပါသည်။ အမေရိကန် တပ်ဖွဲ့ဝင်များသည် အာဖဂန်နိုင်ငံ အတွင်းကနေ ယခုနှစ်ကုန်မှာ ပြန်လည်ဆုတ်ခွာ ရမှာဖြစ်ပေမယ့် အာဖဂန် သမ္မတကခွင့်ပြုပြီး ကာလရှည်ကြာ နှောင့်နှေးနေသည့် လုံခြုံရေး သဘောတူညီမှုကို (၃၀-၉-၁၄) ရက်နေ့ လက်မှတ်ရေးထိုး အဆုံးသတ်ခဲ့ ပါသည်။ အဆိုပါ သဘောတူညီချက်ကို ယခင် သမ္မတ ဟာမစ်ကာဇိုင်းက ငြင်းပယ်ခဲ့ပါသည်။ အမေရိကန် ဦးဆောင်သော နေတိုးတပ်ဖွဲ့ ဝင်များသည် တာလီဘန်တို့အား တိုက်ခိုက်ရန်အတွက် အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်များကို လေ့ကျင့်မှုများနှင့် ကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိပါသည်။ စက်တင်ဘာလ (၂၉)ရက်နေ့က ပြုလုပ်သည့် အက်ရှ်ရာ့ဖ်ဂါနီ ၏ ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားတွင် သမ္မတသစ်က တာလီဘန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် တောင်းဆိုမှု ပြုခဲ့ပါကြောင်း သိရှိရပါသည်။

No comments:

Post a Comment