Thursday, October 30, 2014

အလူမီနီယမ်ပြားသည် အမေရိကန် လေကြောင်း အမ်မီလီယာ အီးယားဟတ် လေယာဉ်ပျောက်မှ ဖြစ်နိုင်




ပိစိဖိတ် သမုဒ္ဒရာ အတွင်းရှိ လူသူမနေသည့် ကျွန်းတစ်ကျွန်းမှ လွန်ခဲ့သော နှစ်များက တွေ့ရှိတယ်လို့ ယူဆရသည့် အလူမီနီယမ်ပြား တစ်ခုသည် (၁၉၃၇)ခုနှစ်က အမေရိကန် လေကြောင်း အမ်မီလီယာ အီးယားဟတ် လေယာဉ်ပျောက်မှ ဖြစ်နိုင်ကြောင်း သက်သေပြ နိုင်ဖို့ကို သုတေသီများက ကြိုးစားလျက် ရှိကြပါသည်။ အီးယားဟတ် လေယာဉ်နှင့်အတူ လူပေါင်းရာကျော် ပါဝင်သွားခဲ့ပြီး၊ ဒေါ်လာသန်းချီ အကုန်ခံကာ ရှာဖွေခဲ့ကြပြီး ကီရီဘတ်တီရှိ နီကူမာရိုရို ကျွန်းမှာ (၁၉၉၁)ခုနှစ်က ယခုအပိုင်းအစကို တွေ့ရှိခဲ့တာ ဖြစ်ပါသည်။ အီးယားဟတ် လေယာဉ်နှင့်အတူ ကမ္ဘာ့ပထမဆုံး အမျိုးသမီး လေယာဉ်မှူးမှ အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ဖို့ကြိုးစား ခဲ့တာလည်း ဖြစ်ပါသည်။ လာမည့် (၂၀၁၅)မှာတော့ အဆိုပါ အလူမီနီယံစ တွေ့ရှိခဲ့ရာမှာ ထပ်မံရှာဖွေမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment