ဆွီဒင်နိုင်ငံ
စတော့က်ဟုမ်းမြို့ တောင်ဘက် (၇၀)ကီလိုမီတာ အကွာရှိ ဂရစ်ပ်ရွမ်း ရဲတိုက်ကြီးမှာ ကျင်းပသည့်
ကမ္ဘာ့ကလေး များဆုကို မာလာလာ ယူဆွတ်ဆိုင်းက ရရှိလက်ခံခဲ့ကြောင်း သိရပါသည်။ သူမအနေနှင့်
ယခုလ အစောပိုင်းကလည်း ကမ္ဘာ့အသက် အငယ်ဆုံး နိုဘယ်ဆုရှင် ဖြစ်ခဲ့ပြီး တစ်နှစ်အတွင်းမှာ
ဆု(၂)ဆုရ သည့်သူဆိုတာ တကယ့်ကို ရှားပါးသည့် အဖြစ်မျိုးပါ။ ယခုဆုအတွက် ကလေးငယ်ပေါင်း
(၂)သန်းမှ မဲပေးခဲ့ပြီး၊ ကမ္ဘာ့ပညာ ရေးအတွက် ကြိုးပမ်းမှု အစီအစဉ်ဖြစ်ထွန်း လာစေရေးကို
အထောက်အကူပြု သွားနိုင်ဖို့လည်း ဖြစ်ပါသည်။ မာလာလာကလည်း သူမရရှိသည့် ဆုထဲက အမေရိကန်ဒေါ်လာ
(၅)သောင်းကို ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး အေဂျင်စီသို့ လှူဒါန်းပြီး ဂါဇာရှိ ပါလက်စတိုင်း
ကျောင်းများ ပြန်လည်တည်ဆောက် ရေးအတွက် သုံးစွဲသွားဖို့ ဖြစ်ပါသည်။
No comments:
Post a Comment