အမေရိကန်
ပြည်ထောင်စု ဟာဝိုင်အီရှိ မီးတောင်မှ ချော်ရည်များသည် ဖြည်းညှင်းသွား စီးဆင်းနေပြီး
ဟာဝိုင်အီကျွန်းရှိ လယ်ယာမြေများနှင့် ဒေသခံများ နေထိုင်ရာတို့မှာ ဖြတ်သန်း စီးဆင်းလျက်
ရှိပါသည်။ မီးတောင်မှ ထွက်ရှိသည့် ချော်ရည်များ စီးဆင်းမှုသည် တစ်နာရီလျင် (၁၀)ကိုက်မှ
(၁၅)ကိုက်အထိ စီးဆင်းနေပြီး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းအထိ ပါဟွာဒေသရှိ ကြံစိုက်ပျိုးရေးမှာ
နေထိုင်သည့်လူ (၈၀ဝ)ခန့် အသုံးပြုသည့် အဓိက လမ်းမကြီးမှာ ချော်ရည်ဟာ ကိုက်(၂၅၀)အထိ
စီးဆင်းခဲ့ကြောင်း သိရပါသည်။ ချော်ရည်များ တဖြည်းဖြည်း စီးဆင်း လာမှုကြောင့် ပါဟွာရှိ
ဒေသခံများမှာ ကြီးမားသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး နေအိမ်များမှ ထွက်ခွာရန် တိုက်တွန်းထားပေမဲ့
ဘေးလွတ်ရာသို့ ရွေ့ပြောင်း ရန်ကိုတော့ တိကျသည့် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရပါသည်။
ချော်ရည်ပူ၏ အပူချိန်ဟာ (၁၆၅၀) ဖာရင်ဟိုက်ထိရှိပြီး နောက်ဆုံးတော့ ချော်ရည်များ စီးဆင်းမှုသည်
သမုဒ္ဒရာထဲသို့ ရောက်ရှိ စီးဝင်နိုင်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment