ယခုလအတွက်
ဟောင်ကောင် ဆိပ်ကမ်း၏ ကောင်းကင်ပြင်မှာ သရီးဒီနှင့် ထွန်းညှိပြသသည့် ပြပွဲတစ်ရပ်ကို
ကျင်းပပြသ ခဲ့ပါသည်။ (ရောင်စုံတောက်ပ ဗစ်တိုးရီးယား ဆိပ်ကမ်းအလှ) သရီးဒီပြပွဲကို မနေ့က
စပြခဲ့ပြီးနောက် (၃)ပတ်ကြာ သည်အထိ ညစဉ်ပြသသွားမှာ ဖြစ်ပါသည်။ ကြီးမားလှသည့် စကရင်ကြီးထက်မှာ
ဟောင်ကောင်၏ သမိုင်းနှင့် ယဉ်ကျေးမှုကို သရီးဒီရုပ်ပုံများနှင့် ထင်ဟပ်စေပြီး အဆောက်အဦး
တစ်ခု၏ မျက်နှာစာကို အသုံးပြုထားကာ ဂီတနှင့်လည်း တွဲဖက်ပြသနေတာ ဖြစ်ပါသည်။ နောက်လ
(၁၆)ရက်အထိ နေ့စဉ်ည (၈)နာရီခွဲနှင့် (၁၀)နာရီ (၁၅)အတွင်း မိနစ်(၃၀)ြ ခားတစ်ခါ (၁၅)မိနစ်စာ
သရီးဒီရိုးကို ပြသသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment