Wednesday, October 29, 2014

မြောက်ကိုရီးယား နျူကလီးယားအရေး ဆွေးနွေးရန် ခြောက်နိုင်ငံဆွေးနွေးပွဲဆိုင်ရာ အမေရိကန်အထူးသံတမန် တောင်ကိုရီးယားရှိ နျူကလီးယားကိစ္စဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်နှင့်တွေ့ဆုံ

မြောက်ကိုရီးယား နျူကလီးယားအရေး ဆွေးနွေးရန် ခြောက်နိုင်ငံဆွေးနွေးပွဲဆိုင်ရာ  အမေရိကန်အထူးသံတမန် ဆစ်ဒနီ-ဆီလာ၊ ရုရှားနျူကလီးယားဆိုင်ရာ သံတမန် ဂရစ်ဂေါ်ရီ လော့ဗနော့ဗ်တို့သည်  ဆိုးလ်မြို့မှာ တောင်ကိုရီးယား၏ မြောက်ကိုရီးယား နျူကလီးယားကိစ္စဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ရှင်ဂျေးဟန်နှင့် အောက်တိုဘာလ(၂၉)ရက်နေ့က သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရပါသည်။ ပြီးခဲ့သည့်သီတင်းပတ်က တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့၏ တပ်ရင်းမှူးက မြောက်ကိုရီးယားဟာ နျူကလီးယားထိပ်ဖူးတပ် ထုတ်လုပ်နိုင်ပြီး ဒါဟာ နျူကလီးယားဒုံးကျည် ထုတ်လုပ်နိုင်သည့် ပမာဏဖြစ်ကြောင်နှင့် စမ်းသပ်မှုများပြုလုပ်သည့် လက္ခာဏာတော့ မတွေ့ရှိရကြောင်း ပြောကြားခဲ့ပါသည်။ မြောက်ကိုရီးယားက စီးပွားရေးနှင့် စွမ်းအင်ဖလှယ်ရေးမှာ ၄င်းတို့၏ နျူကလီးယား အစီအစဉ်အား ရပ်တန့်ရေး သဘောတူညီမှုကို (၂၀ဝ၅)ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပေမယ့် အမေရိကန်၊ တရုတ်၊ ဂျပန်၊ ရုရှားနှင့် တောင်နှင့်မြောက်ကိုရီးယားတို့ ပါဝင်သည့် ခြောက်နိုင်ငံ နျူကလီးယားဆွေးနွေးမှုများဟာ (၂၀ဝ၈)ခုနှစ် ဒီဇင်ဘာလကစပြီး တိမ်မြုပ်ခဲ့ပါသည်။ အခုလအစောပိုင်းက မြောက်ကိုရီးယား အထူးသံတမန်တစ်ဦးက မိမိနိုင်ငံဟာ နျူကလီးယားအစီအစဉ်နှင့် ပက်သက်ပြီး ခြောက်နိုင်ငံ ဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း ဒါပေမယ့် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် ယင်းကိုရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ကြောင်း ဂျနီဗာမှာ ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် မော်စကိုမြို့မှာ တွေ့ဆုံပြီးနောက် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်အပေါ် ဆွေးနွေးမှုပြုလုပ်နိုင်မည့် အလားအလာရှိပေမယ့် အချိန်တော့ယူရဦးမှာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။


No comments:

Post a Comment