တရုတ်သမ္မတရှီကျင်းဖျင်သည်
ဂျပန်ဝန်ကြီးချုပ်ဟောင်း ဆုဟိုဖူကူဒါနှင့် ကိုယ်စားလှယ်အဖွဲ့များအား ဘေဂျင်းရှိ ဂရိတ်ဟောလ်
ခန်းမမှာ အောက်တိုဘာလ(၂၉)ရက်နေ့ကတွေ့ဆုံခဲ့ပါသည်။ တရုတ်နိုင်ငံဟာ လာမည့်လမှာ ဘေဂျင်းမှာကျင်းပမည့်
အေပက်ညီလာခံမှာ ဂျပန်နိုင်ငံအနေနှင့် တက်ရောက်ပေးရန် ဖိတ်ကြားခဲ့ကြောင်း ပြောကြားခဲ့ပေမယ့်
(၂)နိုင်ငံခေါင်းဆောင်တို့ကြား မည်သည့်သဘောတူညီမှု တစ်စုံတစ်ရာမှ မတွေ့ရှိခဲ့ရကြောင်း
သိရပါသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအနေနှင့်လဲ ဂျပန်နှင့် တရုတ် အေးစက်နေသည့်
ဆက်ဆံရေးကို ခြေဖြက်ရန်ရှိပြီး လာမည့်လမှာပြုလုပ်မယ့် အာရှ-ပစိဖိတ် ခေါင်းဆောင်များနှင့်
တွေ့ဆုံရန်ရှိကြောင်း သိရပါသည်။ ကမ္ဘာ့စီးပွားရေး အဖွံ့ဖြိုးဆုံးနိုင်ငံများတွင် ဒုတိယနှင့်
တတိယအဆင့်ရှိသည့် ဒီနှစ်နိုင်ငံဟာ ပြီးခဲ့သည့်နှစ်နှစ်အတွင်း အေးစက်နေသည့် (၂)နိုင်ငံဆက်ဆံရေးကို
ပြည်လည်နွေးထွေးအောင် ဖော်ဆောင်သွားရန်ရှိပြီး နိုဝင်ဘာလမှာ ပြုလုပ်မည့် ဒီနှစ်နိုင်ငံခေါင်းဆောင်များ
တွေ့ဆုံမှုဟာ ကောင်းမွန်သည့် အရိပ်အယောင်များ မြင်တွေ့လာရသော်လည်း သာမာန်ညီလာခံ သဘောသက်သက်သာဖြစ်နိုင်သည်ဟု
သိရှိရပါသည်။
No comments:
Post a Comment