Wednesday, October 29, 2014

ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ပုသိမ်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ကြည့်ရှု




အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်တို့သည် အောက်တိုဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေကြသော မြောင်းမြမြို့နယ်နှင့် အင်္ဂပူမြို့နယ်မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၅၃)ဦးတို့အား ကြည့်ရှုပြီး အားပေးစကား ပြောကြားကာ လူနာများအား ဆေးကုသစရိတ်များ ထောက်ပံ့ပေးအပ် ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ဧရာဝတီဘဏ်ခွဲသို့ သွားရောက်ခဲ့ပြီး လုပ်ငန်းရှင်တစ်ဦးမှ အပ်နှံသည့် ငွေများတွင် ပိုငွေပါရှိလာခြင်းအား ရိုးသားစွာဖြင့် ပြန်လည်အပ်နှံခဲ့သော ဝန်ထမ်းများအား ဆုငွေကျပ်(၁)သိန်း ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment