Wednesday, October 29, 2014

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံ အတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ




ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ဆက်ဆံရေး ဆပ်ကော်မတီဥက္ကဋ္ဌ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံ အတွင်းရေးမှူးချုပ် မစ္စတာ (မူခီ ဆာကီ တူရီ) အား အောက်တိုဘာလ (၂၈)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအား ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့်  မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများအား တိုးမြှင့်သွားရန်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

No comments:

Post a Comment