Wednesday, October 1, 2014

ရှင်ကန်ဆန် ကျည်ဆန်ရထား ပြေးဆွဲခြင်း နှစ်(၅၀)ပြည့် အခမ်းအနား ကျင်းပ

ဂျပန်နိုင်ငံသည် သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အောင်မြင်မှုတစ်ခုအဖြစ် ရှင်ကန်ဆန် ကျည်ဆန်ရထား ပြေးဆွဲခြင်း နှစ်(၅၀)ပြည့် အခမ်းအနားကို (၁-၁၀-၁၄) ရက်နေ့က ကျင်းပခဲ့ကြောင်း သိရပါသည်။ ၄င်းမြန်နှုန်းမြင့် ရထားကို (၁၉၆၄)ခုနှစ် တိုကျိုအိုလံပစ် အားကစားပွဲအမှီ တိုကျိုနှင့် အိုဆာကာကို ပြေးဆွဲရန် စီစဉ်ခဲ့တာဖြစ်ကာ ဒုတိယကမ္ဘာစစ်မှာ ရှုံးနိမ့်ခဲ့သည့် ဂျပန်၏ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြယုဂ်တစ်ခုလဲ ဖြစ်ပါသည်။ ရာစုနှစ် ထက်ဝက်ခန့် ပြေးဆွဲခဲ့သည့် အချိန်အတွင်းမှာ ခရီးသည်(၅.၆)သန်းခန့်ကို ပို့ဆောင်နိုင်ခဲ့ပြီး တိုကျိုနှင့် အိုဆာကာကြား ရထားကြာချိန်ကိုလဲ ယခင်(၄)နာရီမှ (၂း၂၅)နာရီအထိ လျှော့ချနိုင်ခဲ့ပါသည်။ ဂျပန်မြို့လယ် မီးရထားဌာနဟာ တစ်နာရီကို (၃၆၁)မိုင် သွားလာနိုင်မယ့် မြန်နှုန်းမြင့် မီးရထားကို အမေရိကန်ဒေါ်လာ (၆၁.၄) ဘီလီယံ အကုန်အကျခံ တည်ဆောက်လျက်ရှိပြီး (၂၀၂၇)ခုနှစ်မှာ တိုကျိုနှင့် နာဂိုရာကို စတင်ပြေးဆွဲနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment