Wednesday, October 1, 2014

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား မြောက်ကိုရီးယားတွင် ကျင်းပ

မြောက်ကိုရီးယားနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို (၁-၁၀-၁၄) ရက်နေ့ ကျင်းပခဲ့ပြီး မြို့တော်ပြုံယမ်းရှိ သက်ကြီးရွယ်အိုများအတွက် အားကစားပွဲများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ သက်ကြီးရွယ်အိုများသည် ဘော်လီဘော ကစားခြင်း ကခြင်းများအပြင် ရိုးရာကစားနည်းများ ကစားနေပုံကို နိုင်ငံပိုင် ရုပ်သံလိုင်း ကေစီအန်အေမှာ ပြသခဲ့ကြောင်း သိရပါသည်။ နှစ်စဉ် အောက်တိုဘာလ (၁)ရက်နေ့အား အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အဖြစ် (၁၉၉၀)ပြည့်နှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံက သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်၏ ဆောင်ပုဒ်မှာ (သက်ကြီးရွယ်အို ဘဝမြှင့်တင်ရန် အားလုံး ပါဝင်ဆောင်ရွက်စို့) ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment