မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများ၏
တိုင်းရင်းသား လူမျိုးစုပါတီ ခေါင်းဆောင်များသည် (၂၀၁၅)ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပြုပြင်ပြောင်းလဲမှုများအား အတူတကွပူးပေါင်း လုပ်ဆောင်ကြရန်
(၃၁-၁၀-၁၄) ရက်နေ့က သဘောတူညီခဲ့ကြောင်း သိရပါသည်။ နေပြည်တော်မှာ ကျင်းပခဲ့သည့် မြန်မာနိုင်ငံတော်
သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံရေးပါတီများ ၊ တိုင်းရင်းသားလူမျိုးစုပါတီများ၏
အတူတကွ စားပွဲဝိုင်းဆွေးနွေးပွဲဟာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် နိုင်ငံရေး
အင်အားစုများ၏ တွေ့ဆုံပွဲ ဖြစ်ပါသည်။ နိုင်ငံရေးခေါင်းဆောင်များက (၂၀၁၅)ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေးအတွက်
ပူးပေါင်း ဆောင်ရွက်ရေး၊ အမျိုးသား ပေါင်းစည်းညီညွှတ်ရေးနှင့် ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်
ထိန်းသိမ်းရေးအား ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဆွေးနွေးပွဲအပြီးတွင်
ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါဝင်သူများ
အားလုံးသည် ဒီလိုဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရေး သဘောတူညီခဲ့ပေမယ့် နောက်ထပ် တွေ့ဆုံမည့်ရက်ကို
မသတ်မှတ်ရသေးကြောင်း ၄င်းကပဲ ထပ်လောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံရေးခေါင်းဆောင်များသည်
ယခုနှစ်နှောင်းပိုင်း ဒါမှမဟုတ် (၂၀၁၅)ခုနှစ် အစောပိုင်းမှာ နိုင်ငံအဝှမ်း အပစ်အခတ်ရပ်စဲရေး
သဘောတူညီမှုတစ်ခု လက်မှတ်ရေးထိုးရေး လုပ်ဆောင်သွားရန် ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြကြောင်း
သိရှိရပါသည်။
No comments:
Post a Comment