Friday, October 31, 2014

တောင်ကိုရီးယား နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံ

တောင်ကိုရီးယား နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ် မက်ခ်-လစ်ပတ်သည် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ယွန်ဗြွန်ဆဲနှင့် ဆိုးလ်မြို့တွင် (၃၁-၁၀-၁၄) ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ အသက်(၄၁)နှစ်အရွယ် လစ်ပတ်အား တောင်ကိုရီးယားနိုင်ငံ၏ သံတမန်အဖြစ် မေလက အမည်စာရင်း တင်သွင်းခဲ့ပြီး အမေရိကန်လွှတ်တော်က ပြီးခဲ့သည့်လက အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ၄င်းသည် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်များ ထဲတွင် အသက်အငယ်ဆုံးသူ တစ်ဦးဖြစ်ပါသည်။ လစ်ပက်သည် သံအမတ်မဖြစ်ခင် ကာကွယ်ရေး ဝန်ကြီးချက်ဟေးဂဲလ်၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို (၂၀၁၁-၂၀၁၂)အထိ အာရှ-ပစိဖိတ် လုံခြုံရေးကဏ္ဍ၏ လက်ထောက် ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရပါသည်။ ၄င်းသည် အိုဘားမား၏ အာရှမဟာ ဗျူဟာဆိုင်ရာ အရေးကြီးသည့် အကြံပေးတစ်ဦးအဖြစ်လည်း လူသိများကြောင်း သိရှိရပါသည်။

No comments:

Post a Comment