ဩစတြေးလျအစိုးရသည် မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ စိုးရိမ်မှုများ
မြင့်တက်နေပေမဲ့ အိုင်အက်စ်လက်နက်ကိုင်တွေကို တိုက်ခိုက်ရန် အောက်တိုဘာလ (၁) ရက်နေ့တွင်
ပါလီမန်ကနေတဆင့် လုံခြုံရေးဆိုင်ရာ ဥပဒေတစ်ရပ်ကို တောင်းခံခဲ့ကြောင်း သိရပါသည်။ ဩစတြေးလျသည်
အိုင်အက်စ်တွေကို တိုက်ခိုက်ရန် အီရတ်နှင့် ဆီးရီးယားသို့သွားနေတဲ့ နိုင်ငံသားမျာနှင့်ပတ်သက်ပြီး
စိုးရိမ်မှုမြင့်တက်လျှက်ရှိကာ ပြီးခဲ့တဲ့လက နိုင်ငံသားတစ်ဦးအား ခေါင်းဖြတ်သတ်ဖြတ်ရန်
အိုင်အက်စ်အုပ်စုက ကြံစည်မှုကို ၄င်းတို့အနေနှင့် စိုးရိမ်မိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။
သတင်းထောက်များအတွက် ကင်းလွတ်ခွင့်မပါဝင်တဲ့ ဥပဒေပြုရေးကို စိုးရိမ်ပါကြောင်း သတင်းထောက်များ
ကာကွယ်ရေးကော်မတီက ပြောကြားခဲ့ပါသည်။ ၄င်းဥပဒေသည် ဥပဒေများရဲ့ ပထမဆုံးအတွဲဖြစ်ပြီး
ယခင်က အစိုးရကန့်သတ် ကြေညာထားတဲ့ နိုင်ငံသားတစ်ဦးရဲ့ ပြည်ပနိုင်ငံများသို့ ခရီးသွားလာရေးနှင့်ပတ်သက်တဲ့
အငြင်းပွါးဖွယ် သဘောတူညီချက် တစ်ခုအပါအဝင် အစိုးရရဲ့ လုံခြုံရေးစွမ်းအားကို အားဖြည့်ပေးမှုကို
ရည်ရွယ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment