Wednesday, October 1, 2014

အိုင်အက်စ်လက်နက်ကိုင်များအား လေကြောင်းတိုက်ခိုက်မှုတွင် ဩစတြေးလျလေယာဉ်များလည်း ပါဝင်ဆောင်ရွက်မည်

အီရတ်မှာရှိတဲ့ အိုင်အက်စ်လက်နက်ကိုင်တွေကို ဆန့်ကျင်သည့် အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများမှာ ဩစတြေးလျလေယာဉ်လည်း ပါဝင်ဆောင်ရွက်မှာဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့တ်က ဒီကနေ့မှာ ပြောကြားလိုက်ပါသည်။ အမေရိကန်သည် ဆီးရီးယားရှိ အိုင်အက်စ်လက်နက်ကိုင်များကို အာရပ်မသည်မိတ်များရဲ့ အကူအညီဖြင့် သီတင်းတစ်ပတ်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ဥရောပနိုင်ငံများသည် အီရတ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပေမဲ့ ဆီးရီးယားအရေးမှာတော့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့လက အက်ဘော့တ်သည် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို တိုက်ဖျက်ရန်ရည်ရွယ်ပြီး လေယာဉ်(၁၀)စင်းနှင့် တပ်ဖွဲ့ဝင်(၆၀ဝ)ကို အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ ပေးပို့ခဲ့ပါသည်။ ဩစတြေးလျနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသမှ ပြန်လာတဲ့ ဘာသာရေးအစွန်းရောက်များရဲ့ ခြိမ်းခြောက်မှု အများဆုံးခံနေရတဲ့နိုင်ငံ ဖြစ်ပါသည်။ ဩစတြေးလျသည် စူပါသေည်နက် တိုက်ဂျက်လေယာဉ်(၈)စင်းကို အာရပ်စော်ဘွားများ ပြည်ထောင်စုရဲ့ အကူအညီဖြင့် တည်ဆောက်ရမှာဖြစ်ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment