Thursday, October 30, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသော မစ္စတာ ဘရုစ် ရာတာ ရှတ်ပတ်သည် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဘရုစ် ရာတာ ရှတ်ပတ် သည် အောက်တိုဘာလ (၃၀)ရက်နေ့ နံနက် (၁၁)နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၄င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။ အဆိုပါ သံအမတ် ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင် တို့ တက်ရောက်ကြသည်။ 

No comments:

Post a Comment