ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီးအဖြစ်
ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဒန်နီရဲ(လ်) ဇွန်ရှိုင်း သည် အောက်တိုဘာလ
(၃၀)ရက်နေ့ နံနက် (၁၁)နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၄င်း၏ သံအမတ်
ခန့်အပ်လွှာကို ပေးအပ်သည်။ အဆိုပါ သံအမတ် ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ သမ္မတရုံး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်နှင့် သံတမန်ရေးရာ ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင် တို့ တက်ရောက်ကြသည်။
No comments:
Post a Comment