Wednesday, October 1, 2014

ပန်ဒါဝက်ဝံနှစ်ကောင်အား သဘာဝတောထဲသို့ လွှတ်ပေးရန်အတွက် ရွေးချယ်လေ့ကျင့်ပေး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချန်ပြည်နယ်ရှိ ပန်ဒါကာကွယ်ရေးနှင့် လေ့လာရေးစခန်းမှ ပန်ဒါဝက်ဝံနှစ်ကောင်အား သဘာဝတောထဲကို လွှတ်ပေးရန်အတွက် ရွေးချယ်လေ့ကျင့်ပေးခဲ့ကြောင်း သိရပါသည်။ ၄င်းပန်ဒါနှစ်ကောင်လုံးသည် အသက်(၂)နှစ်ကျော်ပြီဖြစ်ပြီး အစာရှာခြင်း သစ်ပင်တက်ခြင်းနဲ့ တောထဲမှာ အသက်ရှင်နေထိုင်နိုင်ရန် အတွက် လေ့ကျင့်ပေးနေတာဖြစ်ပါသည်။ (၂၀ဝ၆)ခုနှစ်တုန်းက (၅)နှစ်သားအရွယ် ပန်ဒါအထီးတစ်ကောင်အား ပထမဆုံးအကြိမ်အဖြစ် စတင်လွှတ်ပေးခဲ့ပေမဲ့ ၄င်းသည် အစာအတွက် အခြားပန်ဒါများနှင့် တိုက်ခိုက်ရင်း တစ်နှစ်အကြာမှာ သေဆုံးခဲ့ပါသည်။ အဲဒီနောက် ပညာရှင်များသည် ပန်ဒါတွေကို သဘာဝတောထဲမှာ နေထိုင်နိုင်ရန် အရင်ဆုံးလေ့ကျင့်ပေးရန် အစီအစဉ်ဆွဲခဲ့ပြီးနောက် (၂၀၁၂)အောက်တိုဘာမှာ ပန်ဒါအထီးတစ်ကောင် (၂၀၁၃)နိုဝင်ဘာမှာ ပန်ဒါအစ်မတစ်ကောင်တို့အား တောထဲသို့ အောင်မြင်စွာ လွှတ်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment