တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် စက်တင်ဘာလ (၃၀)ရက်
ဒေသစံတော်ချိန် ည(၇)နာရီတွင် ဆိုးလ်မြို့ရှိ ကိုရီးယားတပ်မတော် ပူးတွဲစစ်ဦးစီးချုပ်ဥက္ကဋ္ဌ
အတ်ထမင်နရွယ် ချွိုင်ယုံဟီး ၏ နေအိမ်၌ တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ညစာစားပွဲသို့ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ကိုရီးယားသမ္မတနိုင်ငံ
ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးစိုးလွင်နှင့်ဇနီး မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ်
မြင့်ဟိန်းနှင့်ဇနီးတို့ တက်ရောက်ကြ၍ ကိုရီးယားတပ်မတော်မှ ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဋ္ဌနှင့်ဇနီး
ကိုရီးယားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြပါသည်။ ညစာစားပွဲတွင် ကိုရီးယားတပ်မတော်
ပူးတွဲစစ်ဦးစီးချုပ်ဥက္ကဋ္ဌ က နှုတ်ခွန်းဆက်စကား ပြောကြား၍ ဆုတောင်းမင်္ဂလာပြုခဲ့ပြီး တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍
ဆုတောင်းမင်္ဂလာပြု ခဲ့ပါသည်။ ထို့နောက် ညစာအတူတကွ သုံးဆောင်ခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ
အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment