Wednesday, October 1, 2014

အိန္ဒိယတွင် ခရီးသည်တင်ရထား နှစ်စင်း တိုက်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အူတာပရာဒက်ပြည်နယ်တွင် ခရီးသည်တင်ရထား နှစ်စင်း (၁-၁၀-၁၄) ရက်နေ့ တိုက်မိခဲ့ရာ လူ(၁၂)ဦး သေဆုံးပြီး (၄၅)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါသည်။ ကယ်ဆယ်ရေး လုပ်ငန်းများကို တစ်ညလုံး လုပ်ဆောင်ခဲ့ကြပြီး သေဆုံးသူ ဦးရေးသည် ဆက်လက်မြင့်မားလာဖွယ်ရှိပါသည်။ အိန္ဒိယနိုင်ငံ၏ ရထားလမ်းဝန်ဆောင်မှုများမှာ ဆိုးဝါးသည့်မှတ်တမ်းများ ရှိခဲ့ပြီး ဝန်ကြီးချုပ် နရန်ဒါမိုဒီက ၄င်းကို ပြုပြင်ရန် ကတိပြုထားခြင်း ရှိပါသည်။ လွန်ခဲ့သည့်မေလ တုန်းကလည်း အူတာပရာဒက်မှာ ယခုလို ရထားမတော်တစ်စမှု ဖြစ်ခဲ့ပြီး အနည်းဆုံး(၄၀) ဦး သေဆုံးခဲ့ကာ (၁၅၀)ကျော် ဒဏ်ရာခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment