အမေရိကန်နိုင်ငံ၊
ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကျောင်းသားသစ်များသည် ကမ္ဘာ့အကြီးဆုံး ခေါင်းအုံး ရိုက်ပြိုင်ပွဲကို
(၁-၁၀-၁၄) ရက်နေ့က ကျင်းပခဲ့ပြီး ဂင်းနစ် မှတ်တမ်းဝင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရပါသည်။
လေ့ကျင့်ထားသည့် ပြိုင်ပွဲဝင် (၄၂၀ဝ) ကျော် ပါဝင်သည့် ယခုပြိုင်ပွဲသည် ယခင်ဆွီဒင်နိုင်ငံတွင်
ကျင်းပသည့် ပြိုင်ပွဲဝင် (၃၈၁၃)ဦး ပါဝင်သည့် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါသည်။ ခေါင်းအုံးရိုက်ပြိုင်ပွဲသည်
ကယ်လီဖိုးနီးယား တက္ကသိုလ်ကို ဝင်ရောက်လာသည့် ကျောင်းသားသစ်များအတွက် ကျောင်း၏ အားကစားအဖွဲ့မှ
ကြီးမှူးပြီး နှစ်စဉ် ကျင်းပပေးသည့် ပွဲတစ်ပွဲဖြစ်ကာ ယခုနှစ်ပွဲသည် ၄င်းတို့အတွက် စတုတ္ထမြောက်
ဂင်းနစ် မှတ်တမ်းဝင်ခဲ့သည့် ပွဲတစ်ပွဲဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment