Friday, October 31, 2014

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ ပန်ဒါမွေးမြူရေး အခြေစိုက်စခန်းတွင် ပန်ဒါလေး ယွန်ထောင်၏ မွေးနေ့ကျင်းပ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ပန်ဒါမွေးမြူရေး အခြေစိုက်စခန်းတွင် ပန်ဒါလေး ယွန်ထောင်၏ တတိယ အကြိမ်မြောက် မွေးနေ့ကို သစ်သီးများ၊ ဝါးများ ဖြင့် ပြုလုပ်ထားသည့် ကိတ်မုန်များနှင့် အတူ (၃၁-၁၀-၁၄) ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ မွေးနေ့ကိတ်စားနေစဉ်မှာလဲ ၄င်းအတွက် မွေးနေ့ဆုတောင်း သီချင်းဖြင့် သီဆိုပေးခဲ့ပါသည်။ ၄င်းအား ကွမ်အန်းမြို့၏ အနောက်ဘက် ကီလိုမီတာ(၁၀ဝ)ခန့် အကွာရှိ ပန်ဒါအခြေစိုက်စခန်းမှ ဟွာယင်းတောင် တောရိုင်းပန်ဒါ လေ့ကျင့်ရေးစခန်းသို့ ဩဂုတ်လ(၂၁)ရက်နေ့က ပြောင်းရွေ့ပေးခဲ့ပါသည်။ ၄င်းသည် စူလောင်စခန်းမှ ရောက်ရှိစဉ်က (၇၃)ကီလိုဂရမ်သာရှိပြီး ယခုအခါ (၉၉)ကီလိုဂရမ် ရှိနေပြီဖြစ်ကြောင်း သိရပါသည်။ ယွန်တောင်သည် သဘာဝ ပတ်ဝန်းကျင်အသစ်နှင့် နေသားကျနေပြီဖြစ်ကြောင်း ပန်ဒါထိန်းသိမ်းသူ ကပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment