Friday, October 31, 2014

ဂျပန်နိုင်ငံ၏ သုတေသီများ တော်ရဲနီးယားပန်းကို မျိုးရိုးဗီဇ ပြုပြင်

သာမာန်အားဖြင့် အဖြူရောင်သာ ပွင့်လေ့ရှိသည့် တော်ရဲနီးယားပန်းကို ဂျပန်နိုင်ငံ၏ သဘာဝနှင့် သိပ္ပံဆိုင်ရာ အမျိုးသားပြတိုက်မှ သုတေသီများက မျိုးရိုးဗီဇ ပြုပြင်ခဲ့ရာ အပြာရောင် လင်းလက်သည့် အပွင့်များ ပွင့်လန်းခဲ့ကြောင်း သိရပါသည်။ သုတေသီများသည် မီးစုန်းတောက်သည့် အဏုဇီဝ ကောင်လေးများ၏ ပရိုတိန်းမှ အပြာရောင်အလင်းကို ထုတ်လွှတ်စေပြီး အပင်၏ မျိုးရိုးဗီဇကို ပြုပြင်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုလိုပန်းများ ပွင့်လန်းခြင်းသည် ပထမအကြိမ် ဖြစ်ကြောင်း  ပြတိုက်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ ကမ္ဘာမှာလဲ ပထမဆုံး အောင်မြင်မှုဖြစ်ကြောင်း သိရပါသည်။ မျိုးရိုးဗီဇပြုပြင်ထားသည့် အပြာရောင်မီးစုန်းထွက်သည့် ပန်းများကို ပြတိုက်၏ အမှောင်ပြခန်းတွင် ပြသထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment