Wednesday, October 1, 2014

တောင်ကိုရီးယားနှင့် အမေရိကန်တို့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုများပြုလုပ်

တောင်ကိုရီးယားနှင့် အမေရိကန်တို့မှ တပ်ဖွဲ့ဝင်များသည် စစ်ရေးပူးပေါင်းလေ့ကျင့်မှုများကို အောက်တိုဘာ (၁) ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ၄င်းတို့နှစ်နိုင်ငံသည် ဆိုးလ်မြို့အရှေ့မြောက်ဘက် ကီလိုမီတာ(၅၀)ခန့်အကွာ ပါချီအွန်ရှိ အမြောက်ပစ်ကွင်းမှာ စစ်လေယာဉ်၊ အမြောက်နှင့် တင့်ကားများအသုံးပြုကာ လေ့ကျင့်ခဲ့ကြပါသည်။ ယခုစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ဘက်မှ တပ်ဖွဲ့ဝင်(၅၀ဝ)ခန့် ခြေလျင်တိုက်ခိုက်ရေးယာဉ်(၅)စီးနှင့် (အေ-၁၀)ဗုံးကြဲလေယာဉ်တစ်စီးတို့ ပါဝင်ပြီး တောင်ကိုရီးယားဘက်မှ တပ်ဖွဲ့ဝင်(၆၀ဝ) (ကေ-၂၁) ကြည်းတိုက်ခိုက်ရေးယာဉ်(၃)စီးနှင့် ရဟတ်ယာဉ်(၃)စီးတို့ ပါဝင်ပါသည်။ (၁၉၅၀-၁၉၅၃) ကိုရီးယားစစ်ပွဲကတည်းက အမေရိကန်တပ်ဖွဲ့ဝင် (၂၈၀ဝ၀)ခန့်သည် တောင်ကိုရီးယားမှာ တပ်စွဲထားကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment