Wednesday, October 1, 2014

တောင်ကိုရီးယားနိုင်ငံ၏ (၆၆)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား

အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သော တောင်ကိုရီးယားနိုင်ငံ၏ (၆၆)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက မြောက်ကိုရီးယားနိုင်ငံအား ၄င်းတို့ရဲ့နျူကလီးယား ရည်မှန်းချက်ကို စွန့်လွှတ်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါသည်။ တောင်ကိုရီးယားလေတပ်နှင့် ကြည်းတပ်တို့သည် (၁၉၅၀)ခုနှစ် ကိုရီးယားစစ်ပွဲအတွင်းက ပုံရိပ်များကို သရုပ်ပြခဲ့ကြပါသည်။ မြောက်ကိုရီးယား မူဝါဒရေးရာ အမေရိကန်အထူးကိုယ်စားလှယ်နဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်တို့သည် ဆိုးလ်မြို့မှာ တွေ့ဆုံခဲ့ပြီး နောက်တစ်နေ့မှာ ၄င်းရဲ့ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ၄င်းတို့နှစ်ဦးရဲ့ ဆွေးနွေးပွဲများသည် မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်များကို ထိန်းထားနိုင်ရန်ရည်ရွယ်တဲ့ (၆)နိုင်ငံဆွေးနွေးပွဲများကို ပြန်လည်စတင်ရန်လို့ ယူဆရပါသည်။ (၅)နှစ်ကြာ ငြိမ်သက်နေခဲ့တဲ့ ၄င်းဆွေးနွေးပွဲများမှာ အမေရိကန် တရုတ် ဂျပန် ရုရှားနှင့် ကိုရီးယား(၂)နိုင်ငံတို့ ပါဝင်ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment