Thursday, October 30, 2014

ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဒေသတွင်းဌာနေ ကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုအား ကုလသမဂ္ဂ ဒုက္ခသည်းများဆိုင်ရာ မဟာမင်းကြီးရုံး၏ ဒေသတွင်း ဌာနေကိုယ်စားလှယ် နှင့် Coordinator Mr. James LYNCH သည် အောက်တိုဘာလ(၂၉)ရက်နေ့ နံနက်(၁၀)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ သွားရောက် တွေ့ဆုံပြီး ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။ အလားတူ ပြည်ထောင်စုဝန်ကြီးအား အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးမှ ဒေသကိုယ်စားလှယ် မစ္စ မာတီလ်တာ ဘွန်နာသည် နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ သွားရောက် တွေ့ဆုံပြီး ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။

No comments:

Post a Comment