သိရီလင်္ကာ
နိုင်ငံ၏ တောင်ပိုင်းမှာ အောက်တိုဘာလ(၃၁)ရက်နေ့က မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း
(၁၀ဝ)ကျော် သေဆုံးခဲ့ကာ အိမ်ပေါင်း (၁၅၀)ခန့် နစ်မြုပ်ခဲ့ကြောင်း အစိုးရဝန်ကြီး ဌာနတစ်ခုက
ပြောကြားခဲ့ပါသည်။ ဗုဒ္ဓဟူးနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြေပြိုကျမှု ဖြစ်ပွားခဲ့ကာ
မြေပြိုကျမှုဟာ (၂)မိုင် အထိရှိပြီး မြို့တော် ကိုလံဘိုမှ ကီလိုမီတာ (၁၉၀)အကွာ လဖက်ပင်များ
စိုက်ပျိုးသည့် ဟယ်လွန် မူလ်လာရွာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါသည်။ သဘာဝဘေး အန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲရေး ဝန်ကြီးက အသက်ရှင် ကျန်ရစ်သူ ရှိမယ်မထင်ကြောင်း လူဦးရေစာရင်းဟာ ပျောက်ဆုံးလျက်
ရှိတာကြောင့် လူဦးရေ အတိအကျ ပြောနိုင်ရန် ခဲယဉ်ကြောင်း ပြောကြားခဲ့ပါသည်။ မြေပြိုမှု
ဖြစ်ပွားရာမှာ တပ်ဖွဲ့ဝင် များနှင့်အစိုးရ တာဝန်ရှိ သူများဟာ ရှာဖွေရှင်းလင်းမှုများ
ပြုလုပ်လျက် ရှိပါသည်။ ၄င်းနေရာမှာ မြေပြိုမှုများ ဖြစ်ပွားလေ့ရှိပြီး ယခင်က သေဆုံးသူ
မရှိခဲ့ကြောင်း သိရပါသည်။ ၄င်းနေရာဟာ မြေပြိုကျမှု ဖြစ်ပွားနိုင်ကြောင်းနှင့် ၄င်းနေရာမှာ
ရွေ့ပြောင်ရန် သတိပေးခဲ့ပေမဲ့ လူအများဟာ ၄င်းတို့၏ အကြံကို လက်ခံတာကြောင့် အခုလို ဖြစ်ပွားရခြင်း
ဖြစ်ကြောင်း ဘူမိဗေဒပညာရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။ မြေပြိုကျမှု ဖြစ်ပွားနိုင်ကြောင်း
သတိပေးချက် ထုတ်ပြန်ပြီးနောက်မှာ ကလေးများ အများစုပါသည့် လူပေါင်း (၅၀ဝ)ခန့်ဟာ ဗုဒ္ဓဟူးနေ့ညက
အနီးရှိ ကျောင်းတစ်ကျောင်းမှာ နေထိုင်ခဲ့ ကြရကြောင်း သိရှိရပါသည်။
No comments:
Post a Comment