Thursday, October 30, 2014

အမေရိကန်နှင့် အပေါင်းအပါများ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အိုင်အက်စ်များ ရာချီသေဆုံး




အီရတ်နိုင်ငံ မြောက်ပိုင်းမှ ပတ်ရှ်မန်ဂါခေါ် ကာ့ဒ်တပ်ဖွဲ့ ဝင်များဟာတူရကီ နယ်စပ်မြို့ကို တူရကီ ရဲတပ်ဖွဲ့၏ စောင့်ရှောက်မှုနှင့် ရောက်ရှိလာခဲ့ပြီး၊ ဆီးရီးယားသို့ ဝင်ရောက်ကာ အိုင်အက်စ်တို့ သိမ်းပိုက်ထားသည့် ကာ့ဒ်တွေ၏ နယ်ကို ပြန်သိမ်းရန်နှင့် စစ်ကူများ ပေးသွားမှာ ဖြစ်ပါသည်။  လုံခြုံရေး တင်းကျပ်စွာနှင့် ခေါ်ဆောင်လာခဲ့ပြီး တူရကီနယ်စပ် ကိုဘာနီရှိ ဆွန်နီမွတ် ဆလင်များကို တိုက်ထုတ်သွားကြမှာ ဖြစ်ပါသည်။ လက်ရှိမှာလည်း အမေရိကန်နှင့် အပေါင်းအပါများ၏ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် လက်နက်ကိုင် အိုင်အက်စ်များ ရာချီသေဆုံးခဲ့ ရပါသည်။ ကိုဘာနီရှိ တပ်များအနေနှင့် ပတ်ရှ်မန်ဂါများ ရောက်လာရင်တော့ ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက် သွားမှာဖြစ်ပြီး လူသူအင်အား သာမက လက်နက်များ စွာကိုလည်း ယူဆောင်သွား ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment